လပွတ္တာ စက်တင်ဘာ ၁၁
ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရန်ကုန်Stay Home ဒေသများမှ ပြန်လာသူ(၅၀)ဦးကို လပွတ္တာမြို့ အ.ထ.က(၃)မိုင်ရှိ Facility Quarantine Centre တွင် ယနေ့နံနက်ပိုင်းက ထားရှိပြီး ကြောင်း သိရသည်။
အဆိုပါ Facility Quarantine Centre များတွင် ထားရှိသော Stay Homeဒေသများမှ ပြန်လာသူ(၅၀)ဦးအား ကျန်းမာရေး ဌာနမှ လိုအပ်သောကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၀င်းကျော်မြင့်(လပွတ္တာခရိုင်ပြန်/ဆက်)