လှိုင်းဘွဲမြို့နယ်တွင် ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကရင်တိုင်းရင်းသားအားလုံးတို့၏ ရိုးရာယဉ်ကျေးမှုတစ်ခုဖြစ်သော ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီက လှိုင်းဘွဲမြို့ (က)ရပ်ကွက် အောင်မြင်သာယာဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။

ကော့မှူးတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ မြို့နယ်ဆင့်ပွားသင်တန်း အပတ်စဉ် (၆/၂၀၂၅) ဖွင့်လှစ်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်  (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ မြို့နယ်ဆင့်ပွားသင်တန်း အပတ်စဉ်(၆/၂၀၂၅)ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၃၁ ရက်က ရန်ကုန်တိုင်း‌ဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (ကော့မှူး) ကျောင်းနှင်းဆီခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး ယမန်နေ့ နံနက်ပိုင်းက အမှတ် (၁)ရပ်ကွက်သို့ ‌မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

လိပ်သိုမြို့ တိုက်နယ်ကျန်းမာရေးဌာန၌ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကလေးငယ်များအား ကူးစက်ရောဂါများမှ ကာကွယ်နိုင်ရန် ယမန်နေ့နံနက် ၉ နာရီမှစတင်၍ လစဉ်ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို အမှတ် (၄) ရပ်ကွက်ရှိ တိုက်နယ်ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်တွင် ပင်စင်စားများအား Biometric ကောက်ယူဆောင်ရွက်ပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်တွင် ဩဂုတ် ၂ ရက်နေ့ နံနက်(၁၀)နာရီခွဲအချိန်က မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ပင်စင်စားများအား Biometric‌ ကောက်ယူဆောင်ရွက်ပေးခဲ့ကြပါသည်။

မှော်ဘီမြို့နယ်၌ မိုးစပါးစိုက်ဧကပြည့်မှီရေး စိုက်ပျိုးခြင်းနည်းပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ မိုးရာသီမိုးစပါးစိုက်ဧကများ ရာနှုန်းပြည့်မှီရေးအတွက်၊ မျိုးစေ့ချကိရိယာ (DrumSeeder)ဖြင့် စိုက်ပျိုးခြင်းနည်းပညာပေးဟောပြောခြင်းကို ဇူလိုင် ၃၁ ရက် နေ့လယ်ပိုင်းက အောက်ဝါးနက်ချောင်းကျေးရွာအုပ်စု၊ တပ်ကြီးကုန်းကျေးရွာအုပ်စုနှင့် ဆပ်သွားတောကျေးရွာအုပ်စုများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ် ပေါက်ကုန်းရပ်ကွက်ရှိ အလင်းရောင်စာကြည့်တိုက်သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်တွင် ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၁ နာရီက ပေါက်ကုန်းရပ်ကွက်ရှိ အလင်းရောင်စာကြည့်တိုက်သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် အခြေခံစားသောက် ကုန်များ ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ယနေ့နံနက် (၇) နာရီအချိန်မှ စတင်ကာ မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီမှ အများပြည်သူဈေး နှုန်းသက်သာစွာဝယ်ယူစားသုံးနိုင်ရေးအတွက် ဆန်၊ ဆီ၊ ကြက်ဥနှင့် ဘဲဥတို့ကို ဈေးနှုန်းသက်သာစွာဖြင့် အမှတ် (၁၁) ရပ်ကွက်၊ မဟာဗန္ဓုလမ်းနှင့် တပင်ရွှေထီးလမ်းထောင့်၌ လက်လီရောင်းချပေးခဲ့ကြောင်း သိရသည်။

ဘားအံမြို့၌ (၄၆) ကြိမ်မြောက် ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ(လာခုဂ်ခါင်.စူး)ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

ကရင်တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုတစ်ရပ်ဖြစ်သော ချည်ဖြူဖွဲ့မင်္ဂလာ(လာခုဂ်ခါင်.စူး) ပွဲတော် ကိုနှစ်စဉ်နှစ်တိုင်း ကရင်ပြည်နယ် နေရာအနှံအပြားနှင့် ကရင်လူမျိုးများပျံ့နှံ့နေထိုင်ရာ နေရာဒေသအသီးသီးတို့တွင် စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပလေ့ရှိရာ ယမန်နေ့နံနက် ၉ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ (၄၆)ကြိမ်မြောက် ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ (လာခုဂ်ခါင်.စူး)ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။

မိုင်းယန်းမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ  အသိပညာပေးကွင်းဆင်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ကျေးရွာဒေသခံ တိုင်းရင်းသားပြည်သူများအား ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မိုင်းလွေကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to