ကျောက်ဖြူ ဩဂုတ် ၃
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးများကို စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် မိုးရွာသွန်းမှုအခြေနေမှာပိုမို၍စိုက်ပျိုးရန်အတွက် အခြေအနေကောင်းသောကြောင့် မိုးစပါးများကိုနေ့စဉ် ဆက်လက်စိုက်ပျိုးလျက်ရှိသည်။
ထိုသို့စိုက်ပျိုးလျက်ရှိရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ကွင်းဆင်းလျက်စံပြကွက်၊ မျိုးစေ့ထုတ်စိုက်ခင်းများကိုအချိန်မီစိုက်ပျိုးပြီးစီးနိုင်ရေးတို့အား ကြိုးစားဆောင်ရွက်လျက်ရှိပြီး လယ်သမားများနှင့်ပူးပေါင်းကာ မိုးစပါးများကိုအောင်မြင်စွာစိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှသိရသည်။
တင်ထွန်းဦး(ပြန်/ဆက်)