နေရပ်ပြန်မြန်မာသင်္ဘောသားများ ကော့သောင်းမြို့တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ

ကော့သောင်း၊ စက်တင်ဘာ  ၁၂

ကော့သောင်းမြို့အနီးအက်ဒမန်ပင်လယ်အတွင်း Crew Change ပြုလုပ်ရန် ဂျပန်နိုင်ငံမှ လာရောက်သည့် MT.GLOBAL CERES သင်္ဘောပေါ်မှ သင်္ဘောသား(၇)ဦး၊ မလေးရှားနိုင်ငံမှလာရောက်သည့် M.V  VANTAGE KEY သင်္ဘောပေါ်မှ သင်္ဘောသား(၇)ဦး၊ ဆော်ဒီအာရေဗျနိုင်ငံမှ လာရောက်သည့် MT CHEMBULK YOKOHAMA သင်္ဘောပေါ်မှ သင်္ဘောသား (၁၅)ဦး၊ စင်္ကာပူနိုင်ငံမှလာရောက်သည့် MV APLLE HAVRE သင်္ဘောပေါ်မှ သင်္ဘောသား(၁၁)ဦး၊ ယူအေအီးနိုင်ငံမှ လာရောက်သည့် MV KALAMOTI TRADER သင်္ဘောပေါ်မှ သင်္ဘောသား (၁၁)ဦး၊ မလေးရှားနိုင်ငံမှလာရောက်သည့် MV  MELATI-7 သင်္ဘောပေါ်မှ သင်္ဘောသား (၁၃)ဦး၊ စုစု ပေါင်း သင်္ဘောခြောက်စီးပေါ်မှ သင်္ဘောသား (၆၄)ဦး Sign off ထွက်လာရာ ယမန်နေ့ ညနေပိုင်းက မြို့မဆိပ်ကမ်းမှတဆင့် ကော့သောင်းမြို့သို့ ဝင်ရောက်လာပြီး Hotel Quarantine ဝင်ရောက်လျှက်ရှိကြောင်း သိရသည်။

သင်္ဘောများပေါ်မှ Sign off ထွက်လာသည့် အဆိုပါမြန်မာသင်္ဘောသား (၆၄)ဦးမှာ  ကော့သောင်းမြို့တွင် ကြိုတင်ရောက်ရှိနေသည့် MT.GLOBAL CERES သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် အင်ဂျင်နီယာဦးမျိုးထက်အောင်ပါ သင်္ဘောသား (၇) ဦး၊ M.V  VANTAGE KEY သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန် ဦးလှမျိုးကျော်ပါ  သင်္ဘောသား (၆) ဦး၊ MT CHEMBULK YOKOHAMA သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးသန်းဝင်း ပါ  သင်္ဘောသား (၁၅)ဦး၊  MV APLLE HAVRE သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးဇော်မင်းသန်း ပါ  သင်္ဘောသား (၁၂)ဦး ၊ MV KALAMOTI TRADER သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးသန်းလွင်ပါ  သင်္ဘောသား (၁၁)ဦး၊ MV  MELATI-7 သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန်ဦးသန်းထိုက်လွင်ပါ  သင်္ဘောသား (၁၃) ဦးတို့ဖြင့်  တာဝန်လွှဲပြောင်းယူခဲ့သူများ ဖြစ်သည်။

သင်္ဘောများပေါ်မှ Sign off ထွက်လာသည့် မြန်မာသင်္ဘောသား (၆၄)ဦးအား ဆိပ်ကမ်း၌ တာဝန်ရှိဌာနဆိုင်ရာပူးပေါင်းအဖွဲ့နှင့် ကျန်းမာရေးဌာနမှတာဝန်ရှိသူများက လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ကာ ကော့သောင်းမြို့နှင့်မြိတ်မြို့များတွင် Hotel Quarantine (၂၁)ထားရှိပြီး ၎င်းတို့၏ Swb နမူနာများအား ရန်ကုန်အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနသို့ ပို့ဆောင်ဓာတ်ခွဲစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)