စေတုတ္တရာ၊စက်တင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဒေသခံပြည်သူလူထုများကြည့်ရှုနိုင်စေရန် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေွရွေးကောက်ပွဲအကြောင်း သိကောင်းစရာများနှင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်အား ရုံးရှေ့မြေစိုက်နံရံကပ်ဘုတ်တွင် ပြသဆောင်ရွက်ထားရှိကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပြည်သူလူထုထံသို့ အသိပေး ထုတ်ပြန်ချက်များ၊ သင်ဒါတွေသိပြီးပြီလား၊ မကြာခဏ မေးလေ့မေးထရှိသော မဲဆန္ဒရှင်စာရင်းဆိုင်ရာ မေးခွန်းနှင့် အဖြေများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ထုတ်ပြန်ချက်များ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဖို့ မောင်မယ်တို့ လိုက်နာစို့ အသိပညာပေးပိုစတာ၊ အနုပညာရှင်များ၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေး စကားသံများအား ပြသဆောင်ရွက် ထားရှိကြောင်း သိရသည်။
စည်သူလွင်(ပြန်/ဆက်)