ပုလော၊ စက်တင်ဘာ ၁၂
၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ယနေ့ နံနက် ၇ နာရီက ပုလောမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ၀င်းမျိုး ဦးဆောင်၍ ပုလောမြို့နယ်အတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး၀င်းမျိုးဦးဆောင်၍ ပုလောမြို့မရဲစခန်းမှူး ဒုရဲမှူးလှမျိုးနှင့် ရဲတပ်ဖွဲ့၀င်များက ပုလောမြို့ အရှေ့ကျောင်းတိုက် မြို့လုံးကျက်သရေစေတီတော် ရင်ပြင်ပတ်၀န်းကျင်အနီးရှိ သစ်ပင်ချုံနွယ်များအား စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေးအေးမော် (ပုလော ပြန်/ဆက်)