ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့ရှိ မသန်စွမ်းဦးရေ (၄၂) ဦးအား တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀) နှုန်းဖြင့် အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်

ကျောက်မြောင်း၊ စက်တင်ဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်‌၊ ကျောက်မြောင်းမြို့ရှိ မသန်စွမ်းဦးရေ (၄၂)ဦးအား တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀)နှုန်းဖြင့် ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျောက်မြောင်းမြို့ရှိ မသန်စွမ်းတစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၃၀၀၀၀)နှုန်းဖြင့် စုစုပေါင်း မသန်စွမ်း (၄၂)ဦး အတွက် ငွေကျပ်  (၁၂၆၀၀၀၀) ကျပ်‌အား မြို့အုပ်ချုပ်ရေးမှူးမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးနောက် ကျောက်မြောင်းမြို့အတွင်းရှိ မသန်စွမ်းသူများ လက်ဝယ်အရောက် လိုက်လံပေးအပ်ခြင်းလုပ်ငန်းများကို ကျောက်မြောင်းမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးထွန်းအေးခိုင်နှင့် ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇင်ပိုင်မှူး(ကျောက်မြောင်း)