ချောက် စက်တင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး ၊ချောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး အတွက် ဒုတိယအကြိမ် ပါးစပ် နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်ရေး Mask Campaign ပြုလုပ်ခြင်း နှင့် Mask အခုရေ သုံးသောင်းအား အခမဲ့ ဖြန့်ဝေခြင်းကို မြို့နယ်မီးသတ်တပ်ဖွဲ့၊ အရန်မီးတပ်တပ်ဖွဲ့၀င်များ ပူးပေါင်း၍ ယမန်နေ့ နံနက် ၈ နာရီက မြို့မဈေးပတ်လည်နှင့်လမ်းမတော်လမ်းမပေါ်တို့တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် စေတနာရှင်ပြည်သူများမှလှူဒါန်းထားသည့် နှာခေါင်းစည်း (Mask) အခုရေ သုံးသောင်းကို ချောက်မြို့နယ် မီးသတ်တပ်ဖွဲ့၀င်များနှင့်အရန်တပ်ဖွဲ့၀င်တို့ပူးပေါင်း၍ လမ်းမတော်လမ်းမပေါ်ရှိ ပြည်သူများနှင့် မြို့မဈေးနှင့်ပျံကျဈေးရှိ ဈေးရောင်း ဈေး၀ယ် ပြည်သူများ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နှင့်ပတ်သက်၍ ရောဂါကူးစက် ပျံ့နှံ့မှုကို ဆက်လက် ထိန်းချုပ် နိုင်ရန်နှင့်ပြည်သူများ တိကျစွာ လိုက်နာနိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပညာပေး ကြေငြာ ချက်များ ဖြစ်သည့် လူစု၊လူဝေး သွားရောက်ခြင်း ရှောင်ကြဉ်ကြရန်၊ ပြင်ပသို့သွားလာရာတွင် နှာခေါင်စည်း မဖြစ်မနေ တပ်ဆင်ကြရန်၊ အပြင်မှ ပြန်လာပြီးတိုင်း လက်ကို စနစ်တကျ ဆေးကြောသန့်စင် ကြရန်စသည့် ကာကွယ်ရေး နည်းလမ်းများကို ပြည်သူများသိရှိစေရန် တေးသီချင်းများဖြင့် နှိုးဆော်ခြင်း၊ နှာခေါင်းစည်း (Mask) များအခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မချို(ချောက်)