ရန်ကုန် စက်တင်ဘာ ၁၆
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဌာနအတွင်းရှိ ဝန်ထမ်း (၄၉) ဦးအတွက် အခြေခံစားသောက်ကုန်များနှင့် Mask များ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းက အဖွင့်အမှာစကား ပြောကြားရာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း မိမိတို့ဝန်ထမ်းများ အခြေခံစားသောက်ကုန်များ ဖူလုံမှုရှိရေး၊ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရခြင်းမှ ကင်းဝေးစေရေးနှင့် ပြည်သူများအတွက် ဌာနလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေရေးတို့အတွက် ရည်ရွယ်၍ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်း(၄၉) ဦးအား တစ်ဦးလျှင် ဆန်(၃)ပြည်၊ ဆီ (၂)ပိဿာ၊ ကြက်ဥ (၁၀) လုံးနှင့် Mask များကို မြို့နယ်အုပ်ချုပ်ရေးမှူးက ပေးအပ်ခဲ့ရာ ဝန်ထမ်းများက အသီးသီး လက်ခံ ရယူခဲ့ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)