ဘိုကလေး စက်တင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ကွင်းဝိုင်းကျေးရွာရှိ ဘိုးဘွားချမ်းမြေ့ ဘိုးဘွားရိပ်သာသို့ ကိုဗစ်-၁၉ ကူးစက် ရောဂါ ကာကွယ်ထိန်းချုပ်နေသည့် ကာလအတွင်း လိုအပ်သည့်ကဏ္ဍများတွင် ကျခံသုံးစွဲနိုင်ရေးအတွက် မြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာနမှ ယမန်နေ့ညနေ (၅)နာရီက ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအရ ထောက်ပံ့ငွေ (၅၇၀,၀၀၀)ကျပ်အား ထောက်ပံ့ ပေးအပ်ခဲ့သည်။
ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးမှူး နော်ချယ်ရီရွှေမှ ဘိုးဘွားရိပ်သာ၏ တာဝန်ခံ လက်ဝယ်အရောက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း၊ စက်တင်ဘာ(၁၄)ရက်နေ့တွင်လည်း ဘိုကလေးမြို့နယ်၊ ရုပ်ဆိုင်ကျေးရွာရှိ ရတနာ့မဉ္ဇူ ပရဟိတ ဂေဟာအတွက် ထောက်ပံ့ငွေ (၁,၆၅၀,၀၀၀) ကျပ်ကိုလည်း ဖျာပုံခရိုင် လူမှုဝန်ထမ်း ဦးစီးမှူး ဦးအေးကျော်မှ ဂေဟာတာဝန်ခံ ဆရာတော် လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)