ဝါးခယ်မ မြို့ပေါ်ရပ်ကွက်များရှိ အခြေခံလူတန်းစားအိမ်ထောင်စု ၁၈၀၀ အား ဆန် ငါးပြည်နှုန်းဖြင့် ထောက်ပံ့

ဝါးခယ်မ စက်တင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ် မြို့ပေါ်ရပ်ကွက်များရှိ အခြေခံလူတန်းစားအိမ်ထောင်စုဝင်များအား မြို့နယ်ဆန်စက် လုပ်ငန်းရှင်များ အသင်းမှ ဦးဆောင်ပြီး အိမ်ထောင်စု တစ်စုလျှင် ဆန်ငါးပြည်နှုန်းဖြင့် စက်တင်ဘာလ ၁၆ ရက်နေ့က ဒုတိယနေ့အဖြစ် ထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း သိရသည်။

"အခုလို လှူဖြစ်တာက မြို့နယ်မှာရှိတဲ့ ဆန်စက်လုပ်ငန်းရှင်တွေ အလှူရှင်တွေ စုပေါင်းပြီး လှူဖြစ်တာပါ။ ကိုဗစ်ကာလမှာ အခြေခံလူတန်းစား ပြည်သူတွေရဲ့ စားဝတ်နေရေးအတွက် တစ်စိတ်တစ်ဒေသ အထောက်အကူအဖြစ် အိမ်ထောင်စုတစ်စုကို ဆန်ငါးပြည်နှုန်းနဲ့  စုစုပေါင်း အိမ်ထောင်စု ၁၈၀၀ ကို ထောက်ပံ့ပေးတာ ဖြစ်ပါတယ်။ မနေ့ကစပြီး ထောက်ပံ့ ပေးနေတာဖြစ်တယ်။ ဒီနေ့မှာတော့ သော်က၊ တရုတ်တန်း၊ ညောင်ဝိုင်း၊ ရေကျော် ရပ်ကွက်တွေက အိမ်ထောင်စုတွေကို ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။ ထောက်ပံ့ ပေးအပ်တဲ့ အခါမှာလဲ ကိုဗစ် ၁၉ ရောဂါ ကြိုတင်ကာကွယ်မှုများနှင့် အညီ ထောက်ပံ့ပေးတာဖြစ်ပါတယ်" ဟု မြို့နယ်ဆန်စက် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသန်းမင်းထွန်းက ပြောသည်။

လွှမ်းသီဟ(ပြန်/ဆက်)