ရပ်စောက်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သရက်ပြင်ပြုလုပ်နည်းသင်တန်း ဖွင့်ပွဲပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ကောင်းဘို့ကျေးရွာအုပ်စု စမ်းရေဦးကျေးရွာ၌ ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနနှင့် ရပ်စောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သရက်ပြင်ပြုလုပ်နည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျေးရွာရှိဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဘားအံမြို့၌ သံလွင်မြစ်ရေပြန်လည်ကျဆင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ဇူလိုင်လနောက်ဆုံးပတ်မှစ၍ မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေချောင်းရေများ မြင့်တက်လာသည့်အတွက် သံလွင်မြစ်ရေသည် ဘားအံမြို့၏စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာအထက် ၉၃၅ စင်တီမီတာအထိမြင့်တက်၍ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ ယခုအခါ သံလွင်မြစ်ရေသည် ၈၃၄ စင်တီတာအောက်သို့ ပြန်လည်ကျဆင်းနေပြီဖြစ်သည့်အတွက် ရေကြီး နစ်မြုပ်ခဲ့သော ကမ်းနားလမ်းတစ်လျှောက်နှင့်ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ အများပြည်သူဆိုင်ရာနေရာများတွင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ဦးဆောင်မှုဖြင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

တာချီလိတ်မြို့၊ ရွှေမဟာ-၂ ကိုယ်ပိုင်အထက်တန်းကျောင်း၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်

ယာဉ်မတော်တဆမှု လျော့နည်းကျဆင်းရေးနှင့် ပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာများ ရရှိစေရေးတို့အတွက် အခြေခံအကျဆုံးဖြစ်သည့် ကျောင်းသား ကျောင်းသူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လေ့လာနိုင်ရန်နှင့် သိရှိလိုက်နာစေရန်ရည်ရွယ်ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်က ဝမ်ကောင်းရပ်ကွက်ရှိ ရွှေမဟာ-၂ ကိုယ်ပိုင်းအထက်တန်းကျောင်းတွင် ကျင်းပသည်။

မြစ်သားမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာစေရေးနှင့် လိုင်စင်မဲ့ယာဉ်များ စီးနင်းသွားလာမှုမရှိစေရေး အသိပညာပေးခြင်းနှင့် စစ်ဆေးဆောင်ရွက်ခြင်းများကို ယနေ့နံနက်ပိုင်းအချိန်က မြင်းခြံ-ရေဝန်းကားလမ်း ဘူတာရပ်ကွက်နှင့် မြစ်သားမြို့နယ်၊ သာလွန်ကျေးရွာအနီး ရန်ကုန်-မန္တ‌လေး လမ်းဟောင်းတစ်လျှောက်တို့တွင် ဆောင်ရွက်လျက်ရှိသည်။

ညောင်ရွှေမြို့နယ် ရွှေရန်ပြေကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ ဟောပြောပွဲနှင့် လူငယ်အသိပညာပေးပြပွဲ ကွင်းဆင်းဆောင်ရွက်

၂၀၂၅-ခုနှစ် ပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် လူငယ်အသိပညာပေး နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် တိလောစခန်းကြီးကျေးရွာအုပ်စု ရွှေရန်ပြေကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း ပုလဲခန်းမ၌ ပြုလုပ်ခဲ့သည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး” အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများအား လူကုန်ကူးခံရသူများ ရရှိနိုင်သောဆိုးကျိုးများအကြောင်းကို အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ်တားဆီး ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to