တုံတာ ဩဂုတ် ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့သို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင်နှင့် အဖွဲ့မှ ယမန်နေ့နံနက် ၉ နာရီ ၅ မိနစ်အချိန်တွင် ရောက်ရှိလာပြီး တုံတာ-ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီး ရဲစခန်းအရှေ့ဘက် ကိုက်(၁၀၀)ခန့်အကွာ ခန့်မှန်းမြေပုံအညွှန်း (ND.314411) မိုင်တိုင်အမှတ် KM 577- KM 577.5 ကြားတွင် နမ့်စင်ချောင်းရေတိုက်စားမှုကြောင့် တုံတာ-ကျိုင်းတုံသွား ပြည်ထောင်စုလမ်းမကြီး ညာဘက်ခြမ်း ကတ္တရာလမ်းရေတိုက်စား၍ လမ်းပခုံးမြေသားပဲ့ကြသွားခြင်းနှင့် ပတ်သက်၍ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ လမ်းပခုံးမြေသားပဲ့ကျသွားခြင်းနှင့်ပတ်သက်၍ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအား တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်နှင့်အဖွဲ့မှ လာရောက်ကြည့်ရှုရာ ဒုတိယညွှန်ကြားရေးမှူး ဦးကောင်းစံ၊ လမ်းအထူး(၃)ကျိုင်းတုံမှ ပြုပြင်ဆောင်ရွက်နေမှုအား တင်ပြခြင်း၊ ဦးစီးအရာရှိ ဦးသန်းလွင်၊ ဆည်မြောင်းဦးစီးဌာန ပြည်နယ်ရုံး(ကျိုင်းတုံ)မှ ရေစီးလမ်းကြောင်း ပြောင်းလဲမည့်အခြေအနေအားတင်ပြခဲ့ရာ တိုင်းမှူးမှ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
မြတ်မွန်(ပြန်/ဆက်)