နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ် ဒက္ခိဏသီရိမြို့နယ်အတွင်း နှံကောက်နွေစပါးစံကွက်ရိတ်သိမ်းပွဲနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်‌ရေး ကွင်းဆင်းကြည့်ရှု

နေပြည်တော် ဩဂုတ် ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ချိုင်းကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၆၇၁ ကွင်းအတွင်းရှိ တောင်သူ ဦးအောင်ဇော်ဦး ၏ နှံကောက်နွေစပါး စံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် အဆိုပါလယ်၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်၊ ဒက္ခိဏသီရိမြို့နယ် စိုက်ကြပ်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများ တက်ရောက်သည်။

ဦးစွာ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများသည် တောင်သူ ဦးအောင်ဇော်ဦး၏ နှံကောက်နွေစပါး စံကွက်ရိတ်သိမ်း ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းနေမှုကို ကြည့်ရှုအား‌ပေးသည်။

ကြည့်ရှုအားပေးစဉ် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက တောင်သူများနှင့် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နေပြည်တော်အတွင်းစားရေရိက္ခာဖူလုံမှုရှိစေရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရန် မြေပြင်ခြင်းလုပ်ငန်းအား စနစ်တကျဆောင်ရွက်ရန်၊ မျိုး၊ မြေ၊ ရေ၊ နည်းနည်းလမ်းများနှင့်အညီ စနစ်တကျစိုက်ပျိုးရန်နှင့် သဘာဝ‌မြေဩဇာများကို ကိုယ်တိုင်ပြုလုပ် သုံးစွဲစေလိုကြောင်း၊ တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေး၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများအား အမှိုက်များ ပိတ်ဆို့မှုမရှိစေရေး စနစ်တကျဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးသည် နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်နှင့် တာဝန်ရှိသူများနှင့်အတူ ချိုင်းကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၆၇၁ ကွင်းရှိ DY2 လက်တံမြောင်းအား ရေစီးရေလာကောင်းမွန်စေ‌ရေးဆောင်ရွက်နေမှု အခြေအနေများနှင့် မိုးစပါးစိုက်ပျိုးနေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လယ်ကြားမြောင်းများအား ရေစီးရေလာကောင်းမွန်စေရန် အမှိုက်၊ ခြုံနွယ်များအား ဖယ်ခြားရှင်းလင်းရန်လိုအပ်ကြောင်း၊ ပိုးမွှားအန္တရာယ်မကျရောက်စေရေး စနစ်တကျ ဆောင်ရွက်ခြင်းနှင့် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာကို အချိုးကျစွာ အသုံးပြုနိုင်ရေး၊ သီးနှံများ ပန်းတိုင်အထွက်နှုန်း ကျော်လွန်စွာထွက်ရှိရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ဒက္ခိဏ)