ရေး စက်တင်ဘာ ၁၈
မွန်ပြည်နယ်၊ ရေးမြို့နယ် အစင်ကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့ညနေ (၅)နာရီက ကျေးရွာအတွင်းရှိ ဆိုင်ကယ်တက္ကစီ မောင်းနှင်နေကြသည့် တက္ကစီသမားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရပ်ဝေးဒေသမှ ခရီးသည်များအား ခရီးသွား ရာဇဝင်စစ်ဆေးပြီးမှ မိမိကျေးရွာအတွင်းသို့ ပို့ဆောင်ပေးကြရန် အသိပညာပေး ဟောပြောပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဦးထက်ဖြိုးဝေက ကိုဗစ်-၁၉ ရောဂါကာကွယ်နှိမ်နှင်းရေးအတွက် ပါဝင်ဆောင်ရွက် ကြရန် ဆိုင်ကယ်တက္ကစီသမားများအား အသိပေးရှင်းလင်ပြောကြားပြီး ရေးမြို့မစခန်းမှူး ဒုရဲမှူး ဝင်းမြင့်က ခရီးသည်ပို့ဆောင်ရာတွင် မိမိရပ်ရွာ ဒေသမှ ခရီးသွားများကို စိစစ်ပြီး မျက်နှာစိမ်း ရပ်ဝေး ခရီးသည်များကို ခရီးသွားရာဇဝင်မေးမြန်းပြီးမှ တိကျမှုမရှိပါက သက်ဆိုင်ရာသို့ အကြောင်းကြား ဆက်သွယ်ပူးပေါင်း ပါဝင် ကူညီကြရန် ပြောကြားပြီးနောက် မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးနိုင်ဇော်လတ်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ညွှန်ကြားချက်များ၊ စည်းကမ်းချက်များ လိုက်နာဆောင်ရွက်ခြင်းဖြင့် ပါဝင်ကူညီ ကြရန်နှင့် ကျေးရွာ အုပ်ချုပ် ရေးမှူး ဦးအောင်တိုးလွင်က မိမိရပ်ရွာသို့ ခရီးသွားရာဇဝင် စစ်ဆေးပြီးမှ သယ်ဆောင်ရန်နှင့် လူစိမ်းများဝင်ရောက်လာမှု တွေ့ရှိပါက သတင်းပေးပို့ကြရန် ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)