မိုင်းရှူး သြဂုတ် ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်တွင် အင်တာနက်အွန်လိုင်းအသုံးပြု၍ လောင်းကစားမှု၊ လိမ်လည်မှုနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာများ သတိပြုဆင်ခြင်နိုင်စေရန်ရည်ရွယ်၍ ယနေ့ နံနက် (၉)နာရီအချိန်က အမှတ်(၂)ရပ်ကွက်၊ ပတ္တမြားခန်းမ၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်ဥပဒေအရာရှိ ဦးအောင်လံဝင့်နှင့် မြို့နယ်ဥပဒေအရာရှိ ဒေါ်ထူးထူးလင်းတို့က ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးနှင့်ပတ်သက်သည့်အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး Video Clip အား ပြသပေးခဲ့ရာ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုကြကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)