မြို့သစ်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာပေများ ငှားရမ်းပေး

မြို့သစ် သြဂုတ် ၆

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သည် ရုံးဖွင့်ရက်များတွင် နံနက်(၉)နာရီမှ ညနေ(၄)နာရီခွဲအထိ စာအုပ် စာစောင်၊ ရသစုံ၊ ဗဟုသုတရရှိစေသည့် စာအုပ်များကို ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့ နေ့လယ်(၁၂)နာရီ ကျောင်းဆင်းချိန်နှင့် ညနေ(၃)နာရီခွဲကျောင်းဆင်းချိန်များတွင် ကျောင်းသား/ကျောင်းသူများ စာကြည့်တိုက်သို့ လာရောက် စာအုပ်/စာစောင်များ ငှားရမ်းဖတ်ရှုလျက်ရှိကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မြို့သစ်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးဝန်ထမ်းများနှင့် ဒေသခံပြည်သူများ၊ ကျောင်းသား/ကျောင်သူများ၊ လူငယ်လူရွယ်များအား မြို့နယ်စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာပေဗဟုတ ကြွယ်ဝပြည့်စုံသော လူငယ်များဖြစ်စေရန်ရည်ရွယ်၍ မြို့နယ်ပြည်သူ့စာကြည့်တိုက်အား တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဉ်ရုံးချိန်အတွင်း ပုံမှန်ဖွင့်လှစ်ကာ သုတ၊ ရသ၊ စာအုပ် စာစောင်များ၊ အသိပညာ ဗဟုသုတများ ရရှိစေမည့် စာအုပ် စာစောင်များကို ဖတ်ရှုစေခြင်း၊ ငှားရမ်းပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့သို့ စာအုပ်များကို ငှားရမ်းပေးလျက်ရှိရာ မြို့သစ်မြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ ကျောင်းသား/ကျောင်းသူများနှင့် ဌာနဆိုင်ရာဝန်ထမ်းအချို့က စာအုပ်/စာစောင်များကို စိတ်ပါဝင်စားစွာဖြင့် ပိုမိုငှားရမ်းဖတ်ရှုကြကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်ဆက်)