ဘားအံမြို့ အထက (၃)၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး 

ဘားအံ    ဩဂုတ်  ၆

ကရင်ပြည်နယ် ဘားအံမြို့တွင် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ဩဂုတ် ၅ ရက် မွန်းလွဲပိုင်းက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင်  ဆောင်ရွက်သည်။

ဦးစွာ အထက်တန်းကျောင်းအုပ် ဒေါ်စန်းစန်းကြည်က အမှာစကားပြောကြားပြီး ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက ကျောင်းသား၊ ကျောင်းသူများ လောင်းကစားမှု၊ လိမ်လည်မှုနှင့် အင်တာနက်အွန်လိုင်း အသုံးပြု၍ ဆိုက်ဘာ လုံခြုံရေးဆိုင်ရာများ သတိပြုဆင်ခြင်နိုင်စေရန် ရည်ရွယ်၍ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေး ဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ပြီးနောက် မဲခေါင်တရား ဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန ပေးပို့လာသည့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဗီဒီယိုများကို ပြသသည်။ အဆိုပါဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ ၁၀၀ခန့်တက်ရောက်ခဲ့ပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ကြသည်။

ခရိုင်(ပြန်/ဆက်)