မိုင်းတုံ ဩဂုတ် ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက စာသင်ကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအားအသိ ပညာပေးနယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းခိုင်က ကျောင်းသား၊ ကျောင်းသူများကို နယ်လှည့်ကွင်းဆင်းဆောင်ရွက်ပေးခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြီးနောက် "ကလေးတို့၏အနာဂတ်"နှင့် "ကလေးအလုပ်သမာပပျောက်ရေး" ခေါင်းစဉ်တို့ဖြင့် ဟောပြောပွဲပြုလုပ်ခဲ့သည်။ ဆက်လက်၍ လူကုန်ကူးမှုကာကွယ်တားဆီးရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များနှင့် မှတ်တမ်းဓာတ်ပုံများအား ကျောင်းသား၊ ကျောင်းသူများကို အသိပညာဗဟုသုတရရှိစေပြီး မှတ်သားထားတတ်သည့် အလေ့အထရရှိစေရန်နှင့် လိုအပ်သည့်အခါ မိမိတို့မှတ်သားထားသည်များကို ပြန်လည်အသုံးချတတ်စေရန် ရည်ရွယ်ပြီး ပြသပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဝင်းဝင်းခိုင်(မြို့နယ်၊ပြန်/ဆက်)