မိုးနဲမြို့နယ်၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကျင်းပ

မိုးနဲ ဩဂုတ် ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက် ဌာနစုပေါင်းရုံးဝန်းအတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမနေရာ၌ ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်းကာ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်အကြိုအဖြစ် စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပေးခဲ့သည်။ အဆိုပါ ပြိုင်ပွဲဆောင်ရွက်လိုက်ခြင်းကြောင့် ကျောင်းသား/သူများအနေဖြင့် ကျောင်းတွင်း ပြိုင်ပွဲများအပြင် ပြင်ပပြိုင်ပွဲများ၌ပါ ဝါဝင်ယှဉ်ပြိုင်နိုင်ခြင်း၊ ပြိုင်ပွဲအတွေ့အကြုံများရရှိခြင်း၊ ကျောင်းတွင် တစ်ဦးနှင့်တစ်ဦး ယှည်ပြိုင်ရသည့်အတွေ့အကြုံများ ဖလှယ်နိုင်ခြင်း၊ ဗဟုသုတ အသစ်များ တိုးပွားလာခြင်း၊ ဗလငါးတန်နှင့်ပြည့်စုံစေခြင်းစသည့် အကျိုးကျေးဇူးများစွာကို ရရှိမည်ဖြစ်‌ကြောင်း သိရသည်။

မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အ‌ခြေခံပညာကျောင်းများ၌ လူငယ်စကားဝိုင်းများ၊ ဟောပြောပွဲများ၊ နံရံကပ်စာစောင်ပြသခြင်း၊ စာအုပ်ပြပွဲဆောင်ရွက်ခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်ခြင်း၊ စာအုပ်စာစောင်များ အခမဲ့ ငှားရမ်း‌ပေးခြင်းအစရှိသည့် အသိပညာပေးလုပ်ငန်းများအပြင် အွန်လိုင်း အသိပညာပေး လုပ်ငန်းများကိုပါ စဉ်ဆက်မပြတ် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်‌လျက်ရှိကြောင်း သိရသည်။

ဇင်ကိုကို