ပန်းတနော် ဩဂုတ် ၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီအဖွဲ့ဝင်များမှ အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ကြက်ဥ၊ ဘဲဥများအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက အနောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ပန်းတနော်မြို့နယ်အတွင်း ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းစေရန်အတွက် အိမ်ထောင်စုများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ဆန်ကုန်သည်များအသင်းတို့ပူးပေါင်း၍ ဆန်(၁)ပြည်လျှင် (၂၀၀၀) ကျပ်နှုန်း၊ ဆီ (၁) ပိဿာလျှင် (၆၆၀၀) ကျပ်နှုန်း(ဘူခွံပါ)၊ ကြက်ဥတစ်လုံးလျှင် (၃၃၀) ကျပ်နှုန်း၊ ဘဲဥတစ်လုံးလျှင် (၄၅၀) ကျပ်နှုန်းဖြင့် စျေးနှုန်းချိုသာစွာရောင်းချပေးခဲ့သည်။ ဒေသခံပြည်သူများ အခြေခံစားသောက်ကုန်ဖြစ်သည့် ကြက်ဥများကို ခြံစျေးဖြင့်စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်စေရေးအတွက် ခရိုင်အတွင်းရှိ ခြံလုပ်ငန်းရှင်များနှင့်ညှိနှိုင်းကာ အပတ်စဥ်သတ်မှတ်ရက်များအတိုင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)