လဲချားမြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းနှင့် စံပြကွက်စိုက်ခင်းများအတွက် မျိုးစေ့နှင့် ဓာတ်မြေသြဇာထောက်ပံ့ပေးအပ်
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေမှ စပါးမျိုးစေ့ထုတ်စိုက်ခင်းနှင့် စံပြကွက်စိုက်ခင်းများအတွက် မျိုးစေ့နှင့်ဓာတ်မြေသြဇာ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီအချိန်က အဆိုပါဦးစီးဌာနရုံးခန်းမတွင် ဆောင်ရွက်ခဲ့ပါသည်။