မိတ္ထီလာမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများအား နွားနို့တိုက်ကျွေးခြင်း (School Milk Program) အခမ်းအနား ကျင်းပ

မိတ္ထီလာ သြဂုတ် ၆ 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများအား နွားနို့တိုက်ကျွေးခြင်း (School Milk Program) အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အခြေခံပညာ အထက်တန်းကျောင်း (ညောင်ကိုင်းစံပြ)တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကျောင်းနေအရွယ်ကလေးများအား နွားနို့တိုက်ကျွေးခြင်း (School Milk Program) အခမ်းအနား တွင် မိတ္ထီလာခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦးက ကျောင်းနေအရွယ်ကလေးများအား နွားနို့တိုက်ကျွေးခြင်း (School Milk Program)  အခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။ ၎င်းနောက် မိတ္ထီလာခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦး၊ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာအောင်ထွန်း၊ ခရိုင်ပညာရေးမှူး ဒေါ်မော်မော်တို့က ကျောင်းသားကျောင်းသူများအား နွားနို့နှင့် ကြက်ဥများအား ပေးအပ်ခဲ့ပြီး မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ကျောင်းအုပဆရာမကြီးထံ ရုံးသုံးစာရွက်စာတန်း (A4) ကို လှူဒါန်းခဲ့သည်။ ယင်းနောက် မိတ္ထီလာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေး၊ ခရိုင်မွေးမြူရေးနှင့် ကုသရေဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာအောင်ထွန်းနှင့် တာဝန်ရှိသူများက အခြေခံပညာအထက်တန်းကျောင်း (ညောင်ကိုင်းစံပြ)မှ ကျောင်းသား၊ ကျောင်းသူများအား နွားနို့နှင့် ကြက်ဥများ တိုက်ကျွေးနေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့သည်။ 

အဆိုပါ ကျောင်းနေအရွယ်ကလေးများအား နွားနို့တိုက်ကျွေးခြင်း (School Milk Program)ကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျောင်းသား၊ကျောင်းသူများ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြင့်မားလာစေရန်၊ ကျောင်းသား၊ ကျောင်းသူများ နွားနို့သောက်သုံးသည့် အလေ့အထရှင်သန်တိုးပွားဖို့ ရည်ရွယ်ပြီး ကျောင်းနေအရွယ်ကလေးများအား နွားနို့တိုက်ကျွေးခြင်း (School Milk Program) အခမ်းအနား ကျင်းပရခြင်းဖြစ်ရာ မိတ္ထီလာခရိုင် အတွင်းရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များတွင် တစ်မြို့နယ်လျှင် ကျောင်းသား၊ ကျောင်းသူ ၅၀၀ ဦးနှုန်းဖြင့် ကျောင်းသား၊ ကျောင်းသူ ၂၀၀၀ ဦးအား တိုက်ကျွေးလျက်ရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)