ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလွင် မုံရွာမြို့ အသေးစားစက်မှုလက်မှုလုပ်ငန်းများ သတ်မှတ်စည်းမျဥ်းစည်းကမ်းများနှင့်အညီ ထုပ်လုပ်ရောင်းချနေမှုအခြေအနေအား ကြည့်ရှုအားပေး

မုံရွာ ဩဂုတ် ၆

မုံရွာခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလွင်သည် ခရိုင်အသေးစားစက်မှုလုပ်ငန်းဦးစီးဌာမှ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းက မုံရွာမြို့ မြို့သစ်ရပ်ကွက်ရှိ ပွဲတော်အုပ် လက်ဖက်စို၊ လက်ဖက်ခြောက်နှင့် ပဲစုံနှစ်ပြန်ကြော်လုပ်ငန်း ပိသာချိန် ၁၄၀၀ ခန့်ကို ပြည်တွင်းပြည်ပသို့ နေ့စဥ်ထုတ်လုပ်ရောင်းချဆောင်ရွက်နေမှုနှင့် ရုံးကြီးရပ်ကွက်ရှိ မုံရွာမြို့နယ်စည်ပင်သာယာ‌ရေးကော်မတီနှင့် အကွာပူရကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် ရေသန့်နှင့် ရပ်ကွက်ပေါင်း(၂၀)အတွက် မြို့ရေပေးဝေရေလုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ အသေးစားစက်မှု/လက်မှုလုပ်ငန်း MSMES တာဝန်ခံများအား သတ်မှတ်စည်းမျဥ်းစည်းကမ်းများနှင့်အညီ ထုပ်လုပ်ရောင်းချကြရန်မှာကြားခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)