မိုင်းရှူးမြို့၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ(၁)နာရီက အမှတ်(၄)ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငွေဆောင်မြို့၊ အမှတ် (၂၀၁) အခြေခံပညာမူလတန်းကျောင်း၊ အ.မ.က(ငွေဆောင်)၌ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အမှတ်(၂၀၁) အခြေခံပညာ မူလတန်းကျောင်း၊ အ.မ.က(ငွေဆောင်)စာသင်ကျောင်း၌ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ သူများ မိဘဆရာအသင်း အမှုဆောင်အဖွဲ့များနှင့် ကျောင်းသားမိဘများ စုပေါင်း၍ ယနေ့နံနက် ပိုင်းက သံဃာတော်( ၃) ပါးအား  ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မိုင်းပျဉ်းမြို့နယ်၌ မိုင်းပျဉ်း-မက်မန်းလမ်း တောင်ပြိုမှုအား ရှင်းလင်းပြီးစီး၍ ပုံမှန်ပြန်လည် ဖြတ်သန်းသွားလာနိုင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ မိုင်းပျဉ်း−မက်မန်းလမ်းပေါ်တွင် တောင်ပြိုကျမှုအား ၂၀၂၅ ခုနှစ် ယနေ့မွန်းလွဲ (၁) နာရီအချိန်က ရှင်းလင်း‌ဆောင်ရွက်ပြီးကြောင်း သိရှိရသည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ယာဥ်အန္တရာယ်ကင်းရှင်းစေရန်နှင့် ယာဥ်ကြောလမ်းကြောများ မပိတ်ဆို့စေရန် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးခြင်းများကို အရှိန်အဟုန်မြှင့်တင်နေ့စဥ် ဆောင်ရွက်လျက်ရှိ

ယာဥ်အန္တရာယ်ဖြစ်ပွားမှုလျော့နည်းစေရန်နှင့် ယာဥ်ကြောများ ပိတ်ဆို့မှုမရှိစေရန် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးခြင်းများကို သြဂုတ် ၅ ရက်နေ့ နံနက်ပိုင်းက လှိုင်သာယာ(အနောက်ပိုင်း) အမှတ်(၈)အ.ထ.က ကျောင်းရှေ့တွင် ကွင်းဆင်းဆောင်ရွက်ကြသည်။

ငါးသိုင်းချောင်းမြို့၌ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲကျင်းပ

 ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများကို ကျန်းမာရေးဗဟုသုတများ ရရှိစေရန်အတွက် ကျောင်းကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို မြို့သစ်ရပ်ကွက်၊ အ.လ.က(ခွဲ) မြို့သစ် ကျောင်းတွင် ယနေ့နံနက် (၁၀းဝဝ) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ငပုတောမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင် ဦးသန်းဦး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးရယ်လွင်၊ ဆောက်လုပ်ရေးဦးစီးဌာန လမ်းကြီးကြပ်မှ ဦးစီးအရာရှိ ဦးအေးကိုကိုကျော်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ဂျမ်းကပ်-ငရုတ်ကောင်းတောင် ‌ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်နိုင်ရေး အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်ဓာတ်ပုံပြပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတရရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အ.မ.က ညောင်ဝိုင်းကျောင်းတွင် သြဂုတ် ၅ ရက်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြာပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပခဲ့သည်။

ပခုက္ကူမြို့နယ်တွင် ကမ်းပြိုဘေးသင့်အိမ်ထောင်စုများအား အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးများပေးအပ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းကာ ဧရာဝတီမြစ်ရေကြီးပြီး ကမ်းပါးတိုက်စားမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် ကမ်းပြိုဘေးသင့်ပြည်သူများအား အိမ်ဆောက်ပစ္စည်းဖိုးနှင့်ဆန်ရိက္ခာဖိုးများပေး အပ်ခဲ့ကြောင်း ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက သိရသည်။

ကျိုက်လတ်မြို့နယ်တွင် လိုင်စင်မဲ့မော်တော်ယာဉ်များ စီးနင်းသုံးစွဲမှု မရှိစေရေး စစ်ဆေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ၂ ဖြတ်လမ်းထောင့် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ယနေ့နံနက်(၉)နာရီခွဲအချိန်က လိုင်စင်မဲ့မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ Ambulance ယာဉ်များ၊ သာသနာနံပါတ်တပ် မော်တော်ယာဉ်များ၊ ယာဉ်နံပါတ်အတုတပ်သုံးစွဲနေမှုများ မရှိစေရေးအတွက် တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဒေးဒရဲမြို့၌ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် (ပထမပတ်) အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနှင့် မွေးကင်းစမှ အသက်(၅)နှစ်အောက်ကလေးများ အာဟာရပြည့်ဝစေရေး၊ ကျန်းမာသန်စွမ်းစေရေး နှင့် အာဟာရဖွံ့ဖြိုးစေရေး ရည်ရွယ်၍ အာဟာရဖွံဖြိုး​ရေးရက်သတ္တပတ်  (ပထမပတ်)လှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to