ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

ကချင်ပြည်နယ်အတွင်း နိုင်ငံ‌တော်မှ ခွဲဝေချထားပေးသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် (၈)ဘီလီယံကို ဒေသတွင်း ကိုဗစ်-၁၉ ကြောင့်ထိခိုက်ခဲ့ရသည့် စီးပွားရေးလုပ်ငန်းများ ပြန်လည် ကုစားပေးနိုင်ရေးနှင့် နိုင်ငံ့စီးပွားတိုးတက်မြင့်မားရေးအတွက် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ် မှုလုပ်ငန်းများတွင် ရင်းနှီးမတည်ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ညနေ ၃ နာရီက တာဝန်ရှိသူများနှင့်အတူ ကချင်ပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကြီးကြပ်မှုကော်မတီအစည်းအဝေးသို့ တက်ရောက်ကြကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်တွင် စာအုပ်/စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ စာအုပ်/စာစောင်ပြပွဲကို ယနေ့ နံနက် (၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်းခွဲ (အ.လ.က-၃)သို့ သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စလင်းမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်အသိပညာပေး ဟောပြောပွဲပြုလုပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း မိုးလုံလေလုံ အားကစားခန်းမဆောင်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူး၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၉) နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ်၌ အင်္ဂလုံးကျေးရွာ အ-မ-ကကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့က အင်္ဂလုံးကျေးရွာ အ-မ-ကကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ လက်တွေ့သရုပ်ပြသခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ယမန်နေ့နေ့လယ် (၂) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌  ပြုလုပ်ခဲ့သည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ‎ပင်းတယမြို့နယ်၌ သဘာဝဘေးကြောင့် ပျက်စီးခဲ့သည့် နေရာများ ပြန်လည်ပြုပြင်နေမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှု့ခြင်းနှင့် ထောက်ပံ့ငွေများ ပေးအပ်

‎‎ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ဇူလိုင်လ ၂၅ ရက်မှ  ၂၈ ရက်နေ့အထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး စိုက်ပျိုးမြေများ၊ လမ်းတံတားများ ရေကြီးနစ်မြုပ်ခဲ့ရာ စိုက်ပျိုးမြေများတွင် အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုကို ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့်ဆပ်စပ်သည့် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းနှင့် ကျေးရွာ‌နေပြည်သူများနှင့် လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ နေရပ်စွန့်ခွာ ပြည်သူများအတွက် တတိယအကြိမ် ထောက်ပံ့ငွေနှင့် ခေါက်ဆွဲခြောက်ထုပ်များ ပေးအပ်ခြင်းအခမ်းအနားတက်ရောက်

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအတွက် တတိယအကြိမ်ထောက်ပံ့ငွေနှင့် ခေါက်ဆွဲခြောက်ထုပ်များ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ နေရပ်စွန့်ခွာဝန်ထမ်းများနှင့် နေရပ်စွန့်ခွာ ပြည်သူများတက်ရောက်ကြသည်။

မိုးနဲမြို့နယ်၌ စာပေချစ်မြတ်နိုးသူ (Women Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက် ဌာနစုပေါင်းရုံးဝန်းအတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမနေရာ၌ ယနေ့မွန်းလွဲ ၁ နာရီအချိန်က စာပေချစ်မြတ်နိုးသူ(Women Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

မင်းတုန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် အခြေခံပညာအထက်တန်းတန်းကျောင်းခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲကျင်းပရာ ကျောင်းသား ကျောင်းသူ(၄၅၀)ဦး တက်ရောက်ခဲ့ကြသည်။
Subscribe to