လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ယာဥ်အန္တရာယ်ကင်းရှင်းစေရန်နှင့် ယာဥ်ကြောလမ်းကြောများ မပိတ်ဆို့စေရန် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးခြင်းများကို အရှိန်အဟုန်မြှင့်တင်နေ့စဥ် ဆောင်ရွက်လျက်ရှိ

လှိုင်သာယာ သြဂုတ် ၇

ယာဥ်အန္တရာယ်ဖြစ်ပွားမှုလျော့နည်းစေရန်နှင့် ယာဥ်ကြောများ ပိတ်ဆို့မှုမရှိစေရန် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးခြင်းများကို သြဂုတ် ၅ ရက်နေ့ နံနက်ပိုင်းက လှိုင်သာယာ(အနောက်ပိုင်း) အမှတ်(၈)အ.ထ.က ကျောင်းရှေ့တွင် ကွင်းဆင်းဆောင်ရွက်ကြသည်။

အဆိုပါပြုလုပ်ဆောင်ရွက်ခြင်းကို တပ်ဖွဲ့စုတပ်ဖွဲ့ဝင်များသည် ယာဥ်အန္တရာယ်မဖြစ်ပွားစေရန် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအတက်၊ အဆင်းများတွင် ယာဥ်ကြောပိတ်ဆို့မှုမရှိစေရန်နှင့် ယာဥ်အန္တရာယ်လျော့ကျနိုင်စေရန် မော်တော်ခေါင်မိုးများကို စစ်ဆေးခြင်းများ ပြုလုပ်ကာ ယာဥ်စည်းကမ်း/လမ်းစည်းကမ်းများ ဆောင်ရန်/ရှောင်ရန် အသိပညာပေးခြင်းများကို အရှိန်အဟုန်မြှင့်ကာ နေ့စဥ်ပြုလုပ်ဆောင်ရွက်ကြပြီး ကုန်တင်ယာဥ်များကို ခေါင်မိုးဖွင့်မောင်းနှင်စေရန်နှင့် ယာဥ်စည်းကမ်း/ လမ်းစည်းကမ်းဆိုင်ရာ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)