ငပုတော ဩဂုတ် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင် ဦးသန်းဦး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးရယ်လွင်၊ ဆောက်လုပ်ရေးဦးစီးဌာန လမ်းကြီးကြပ်မှ ဦးစီးအရာရှိ ဦးအေးကိုကိုကျော်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ဂျမ်းကပ်-ငရုတ်ကောင်းတောင် ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်နိုင်ရေး အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အဆိုပါဂျမ်းကပ်ငရုတ်ကောင်းတောင် ကျေးရွာချင်းဆက်လမ်းသည် ၉ မိုင် ၆ ဖာလုံခန့် ရှည်လျားပြီး အဆိုပါလမ်းဖောက်လုပ်ပြီးစီးပါက ခရင်းဝါးချောင်းကျေးရွာ အုပ်စု ဂျမ်းကပ်ကျေးရွာနှင့် မှော်ဘီ၊ သဲချောင်း၊ ပေါ်ဖောကျေးရွာများမှပုသိမ်မြို့သို့ မော်တော်ယာဉ်ဖြင့် လွယ်ကူစွာသွားလာနိုင်မည့်အပြင် ရေထွက်ပစ္စည်းများနှင့် ဒေသထွက်ကုန်များကိုလည်း ပုသိမ်မြို့နှင့် အခြားမြို့ကြီးများသို့ လွယ်ကူစွာ ကူးသန်းရောင်းဝယ်နိုင်မှာဖြစ်ကြောင်း သိရသည်။
ဆက်လက်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များနှင့် ဝာာဝန်ရှိသူများသည် ဂျမ်းကပ်-ပေါ်ဖော ကျေးရွာချင်းဆက် ကုန်ထုတ်လမ်းဖောက်လုပ်ပေးနိုင်ရေး အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကိုတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်သူ