ပခုက္ကူမြို့နယ်တွင် ကမ်းပြိုဘေးသင့်အိမ်ထောင်စုများအား အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးများပေးအပ်

ပခုက္ကူ ဩဂုတ် ၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းကာ ဧရာဝတီမြစ်ရေကြီးပြီး ကမ်းပါးတိုက်စားမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် ကမ်းပြိုဘေးသင့်ပြည်သူများအား အိမ်ဆောက်ပစ္စည်းဖိုးနှင့်ဆန်ရိက္ခာဖိုးများပေး အပ်ခဲ့ကြောင်း ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက သိရသည်။

ဧရာဝတီမြစ်ရေကြီးပြီး ကမ်းပါးတိုက်စားမှုကြောင့် ဇွန်လနှင့် ဇူလိုင်လအတွင်း ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် ပခုက္ကူမြို့နယ်၊ မြင်းကျွန်းကျေးရွာအုပ်စု၊ အနောက်မြင်းကျွန်းကျေးရွာမှ အိမ်ထောင်စု ၁၂၆ စု၊ လူဦးရေ ၄၂၂ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ် ၁၂၆၀၀၀၀၀၊ ဆန်ရိက္ခာဖိုး ငွေကျပ် ၂၁၁၀၀၀၀ စုစုပေါင်းထောက်ပံ့ငွေကျပ် ၁၄၇၁၀၀၀၀ အား  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုး၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နုနုဝင်းနှင့် ဝန်ထမ်းများက ကမ်းပြိုဘေးသင့် ပြည်သူများထံ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)