မန္တလေး၊ အောက်တိုဘာ ၈
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၇)ခု၏ မြို့နယ်များတွင် အောက်တိုဘာ ၆ ရက် ည (၈) နာရီအထိ ကိုဗစ်-၁၉ ရောဂါဓါတ်ခွဲအတည်ပြုလူနာ (၅၁၉) ဦးရှိပြီး ရောဂါပိုးကင်းစင်လာသူ (၂၁၅) ဦးရှိကာ ဓါတ်ခွဲအတည်ပြုလူနာ သေဆုံးသူ (၂) ဦးရှိကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်စာရင်းများအရသိရသည်။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင် (၇) ခု၏ ဓါတ်ခွဲအတည်ပြုလူနာစာရင်းမှာ မန္တလေးခရိုင်တွင် (၂၈၁) ဦး၊ ပြင်ဦးလွင်ခရိုင်တွင် (၁၃) ဦး၊ ကျောက်ဆည်ခရိုင်တွင် (၅) ဦး၊ မိတ္ထီလာခရိုင်တွင် (၄၃) ဦး၊မြင်းခြံခရိုင်တွင် (၈၃) ဦး၊ ရမည်းသင်းခရိုင်တွင် (၃၃) ဦးနှင့် ညောင်ဦးခရိုင်တွင် (၆၁) ဦး စုစုပေါင်း (၅၁၉) ဦးရှိကြောင်း သိရပြီး ဓါတ်ခွဲအတည်ပြုလူနာ ရောဂါပိုးကင်းစင်လာသူအနေဖြင့် မန္တလေးခရိုင်တွင် (၁၂၆) ဦး၊ပြင်ဦးလွင်ခရိုင်တွင် (၇) ဦး၊ မိတ္ထီလာခရိုင်တွင် (၉) ဦး၊ မြင်းခြံခရိုင်တွင် (၆၆) ဦး၊ ရမည်းသင်းခရိုင်တွင် (၆) ဦးနှင့် ညောင်ဦးခရိုင်တွင် (၁) ဦး၊ စုစုပေါင်း (၂၁၅) ဦးရှိကြောင်း၊ ဓါတ်ခွဲအတည်ပြုလူနာသေဆုံးသူ (၂) ဦးမှာ မန္တလေးခရိုင်အတွင်းမှဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်စာရင်းများအရသိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း၌ Hotel Quarantine ထားရှိသူ (၄၀၄) ဦးနှင့် Facility Quarantine (၂၆၈၉) ဦးရှိကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အောက်တိုဘာ(၆)ရက်အထိ ထုတ်ပြန်ချက်စာရင်းများအရ သိရသည်။ မြန်မာနိုင်ငံတွင် အောက်တိုဘာ (၇) ရက် ည (၈) နာရီအထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၂၁၄၃၃) ဦးရှိပြီဖြစ်ပြီး ရောဂါပိုးကင်းစင်လာသူ (၆၀၈၄) ဦးနှင့် ဓါတ်ခွဲအတည်ပြုလူနာသေဆုံးသူပေါင်း (၅၁၀) ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)