ကျောက်ကြီးမြို့နယ်၌ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းနှင့် ကိုယ်ဝန်ဆောင် မေးခိုင်ရောဂါ ကာကွယ် ဆေးထိုးခြင်း ဆောင်ရွက်

ကျောက်ကြီး အောက်တိုဘာ ၈


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ ယမန်နေ့ နံနက်(၈)နာရီအချိန်က မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာန (MCH)မှ ဝန်ထမ်းများသည် ရပ်ကွက်/ကျေးရွာအုပ်စုတို့တွင် ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းနှင့် ကိုယ်ဝန်ဆောင်မေးခိုင်ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ သည်။
အဆိုပါပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသက်(၂)နှစ် အောက် ကလေးများအား ဆုံစို့၊ ကြက်ညှာ၊ အသဲရောင်(B)ပိုး၊ မေးခိုင်၊ တီဘီစသည့်(၅)မျိုးစပ် ကာကွယ်ဆေးနှင့် ပိုလီယိုကာကွယ်ဆေး၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောကာကွယ်ဆေး ဝက်သက်၊ ဂျိုက်သိုးကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးတို့ကို တိုက်ကျွေးထိုးနှံပေးခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့သည်။
ထိုသို့ကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ အောက်တိုဘာ(၇)ရက်နေ့မှ အောက်တိုဘာ(၉)ရက်နေ့အထိ တိုက်ကျွေးထိုးနှံပေးသွား မှာဖြစ် ကြောင်း သိရသည်။     
Kခိုင် (ပြန်/ဆက်)