ရေဖြူမြို့နယ်၌ (Mask) တပ်ဆင်သွားလာရေး အသိပညာပေးလုပ်ငန်း အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိ

ရေဖြူ၊ အောက်တိုဘာ ၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ကိုဗစ် -၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့က ရေဖြူမြို့ ရေး-ထားဝယ် ကားလမ်းနှင့် ပုဂေါဇွန်းလမ်းဆုံတွင် (Mask) တပ်ဆင်သွားလာရေး အသိပညာပေးခြင်းနှင့် မတပ်ဆင်ဘဲ သွားလာသူအား ဒဏ်ငွေဆောင်စေခြင်းတို့ကို နှစ်နေရာခွဲ၍ ပြုလုပ်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာ ရေဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန စသည်တို့မှ တာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ နှာခေါင်းစည်း (Mask) မတပ်ဆင်ဘဲ သွားလာနေသူအား ဒဏ်ငွေ (၁၀၀၀) ကျပ် ဒဏ်ရိုက်၍ နှာခေါင်းစည်း (Mask) တစ်ခုပေးကာ ချက်ချင်းတပ်ဆင်သွားလာစေခြင်းတို့ ဆောင်ရွက်ခဲ့ရာ နှာခေါင်းစည်း (Mask) မတပ်ဆင်ဘဲသွားလာသူ (၁၁)ဦးအား ဒဏ်ငွေဆောင်စေခဲ့ကြောင်း ရသည်။

ဖြူဖြူရှိန်(ရေဖြူပြန်/ဆက်)