မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ မြို့ပေါ် ရပ်ကွက်များရှိ မဲရုံထားရှိမည့်နေရာများသို့ ကွင်းဆင်းကြည့်ရှု

နတ်မောက်  အောက်တိုဘာ   ၈

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မြို့ပေါ်ရပ်ကွက်များရှိ မဲရုံထားရှိမည့်နေရာများသို့ ယမန်နေ့ ညနေ (၄) နာရီအချိန်ခန့်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါမဲရုံထားရှိမည့်နေရာများသို့ မကွေးခရိုင်ကော်မရှင်အဖွဲ့ဝင်ဦးမောင်မောင်၊ မြို့နယ် ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် ကော်မရှင်အဖွဲ့ဝင်များ၊  ရပ်ကွက်စာရေးများနှင့်အတူ အမှတ်(၂) အခြေခံ ပညာအထက်တန်းကျောင်းတွင်ထားရှိမည့် မြို့မရပ်ကွက်မဲရုံနှင့် မြို့မကွက် သစ်မဲရုံတို့တွင် မဲရုံများ ထားရှိမှုအခြေအနေ၊ မဲရုံအတွင်းလျှပ်စစ်မီးရရှိရေးကိစ္စနှင့် ကိုဗစ်-၁၉ ကာလကျန်းမာရေး နှင့် အညီ ဆောင်ရွက်ထားမှုအခြေအနေတို့ကို  မြို့နယ်ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ က ရှင်းလင်း ပြောကြား ခဲ့သည်။

နတ်မောက်မြို့နယ်တွင် မဲရုံ (၂၈၁)ရုံ နှင့် မဲပေးပိုင်ခွင့်ရှိသူတစ်သိန်းကိုးသောင်းကျော်ရှိပြီး မြို့မ ရပ်ကွက်မဲရုံ (၁) နှင့် (၂) တွင် မဲပေးပိုင်ခွင့်ရှိသူ (၁၅၇၂) ဦးရှိ၍ မြို့မကွက်သစ်ရပ်ကွက် မဲရုံ (၁) နှင့် (၂) တို့တွင် မဲပေးပိုင်ခွင့်ရှိသူ (၁၃၈၆) ဦး ရှိကြောင်းသိရသည်။ 

လှဝင်း (နတ်မောက်)