မအူပင် အောက်တိုဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် နိုင်ငံတော်မှထောက်ပံ့လှူဒါန်းသည့် အသက် ၈၅ နှစ်ပြည့်ပြီး သက်ကြီးဘိုးဘွားများအား ထောက်ပံငွေပေးအပ် လှူဒါန်းခြင်းကို ယမန်နေ့ညနေပိုင်းက အမှတ် ၂ ရပ်ကွက်တွင်ဆောင်ရွက်ခဲ့သည်။
ထောက်ပံငွေပေးအပ်ရာသို့ မအူပင်မြို့နယ် တိုင်းဒေသကြီး ၁ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဆန်းနှင့် တာဝန်ရှိသူများက အဘိုးအဘွား တစ်ဦးလျှင်တစ်လ ၁ သောင်းကျပ်နှုန်းဖြင့် ၃ လအတွက် ၃ သောင်းကျပ်အား အိမ်အရောက် ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
အောင်ခိုင် ၊ အောင်မြင့်မြတ်(မအူပင်)