ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု မြင့်မားလာသည့်အတွက် အသိပညာပေး နှိုးဆော်ခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်

ပန်းတောင်း     အောက်တိုဘာ     ၁၃


မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုဦးရေ တစ်နေ့ထက်တစ်နေ့ မြင့်မား လာသည့်အတွက် ပြည်ခရိုင် ပန်းတောင်းမြို့နယ်တွင် နေထိုင်ကြသော မိဘပြည်သူများ အနေဖြင့် ရောဂါ ကူးစက်ပြန့်ပွားမှု့ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါ ဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ပန်းတောင်းမြို့နယ်အတွင်းရှိ ပရဟိတအသင်းအဖွဲ့များပူးပေါင်း၍ ပန်းတောင်းမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်/ ကျေးရွာ များ၌ နှိုးဆော်ဆောင်ရွက်ခြင်းကို ယမန်နေ့နံက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
အဆိုပါ အသိပညာပေးခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အချိန်နှင့်တပြေးညီ ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များ ဆောင်ရန်/ရှောင်ရန်အချက်များအား ပြည်သူများ အနေဖြင့် အလေးထားလိုက်နာဆောင်ရွက်ကြရန် နှိုးဆော်ပေးခြင်း၊ တတ်နိုင်သမျှ မိမိတို့၏ နေအိမ်အတွင်း၌သာ နေထိုင်ကြရန်၊ မဖြစ်မနေ နေအိမ်မှပြင်ပသို့ထွက်ရပါက နှာခေါင်းစည်း Mask များကို စနစ်တကျတပ်ဆင်ပြီးမှသာ ထွက်ကြရန်၊ အပြင်မှပြန်လာပြီးတိုင်း အရာဝတ္တုတစ်ခုခုကိုင်တွယ်ပြီးတိုင်း၊ လက်ကို လက်သန့်ဆေးရည် (သို့မဟုတ်) ဆပ်ပြာနှင်စ က္ကန့် (၂၀)ကြာ စနစ်တကျဆေးကြောကြရန်၊ အခြားသူများနှင့် တတ်နိုင်သမျှ (၆)ပေ အကွာ မှသာ နေထိုင်ပြောဆိုကြရန်၊ လူစုလူဝေး ပြုလုပ်ခြင်းများ မပြုလုပ်ကြရန်၊ စသည့် အချက်များနှင့် ပတ်သက်၍ အသိပေးနှိုးဆော်ခြင်းကို ပန်းတောင်းမြို့နယ်အတွင်းရှိ ဥသျှစ်ပင် လမ်းဆုံမှစ၍ ဥသျှစ်ပင်မြို့၊ လဲရွာ၊ မကြီးထုံး၊ တောင်ဘွေ ဂုံညှင်းတန်း၊ ပန်းတောင်းမြို့ပေါ် ရပ်ကွက်များ ထုံးဘိုမြို့စသည့် ရပ်ကွက်/ကျေးရွာများသို့ ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် Hand Speaker နှင့် လှည့်လည်နှိုးဆော် ပေးခဲ့ကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)