လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ဖျားနာကုဆေးခန်းသို့ ဆေးဝါးများ၊စားသောက်ကုန်များနှင့် အလှူငွေများ လာရောက်လှူဒါန်း

လှိုင်သာယာ(အနောက်ပိုင်း)  အောက်တိုဘာ  ၁၃


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် ၊လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အတွင်းရှိ အမှတ်(၁၂) ရပ်ကွက် ၊ဒေသန္တရဆေးခန်းတွင် ဖွင့်လှစ်ထားရှိသည့် လှိုင်သာယာ ဖျားနာကု (အခမဲ့) ဆေးခန်းသို့  ယမန်နေ့ ညနေ(၃)နာရီခန့်က  စားသောက်ကုန်များ၊ဆေးဝါးများနှင့် အလှူငွေများ လာရောက်လှူဒါန်းခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် ဦးဇင်မင်း+ဒေါ်ချိုချိုမိသားစုမှ ဆေးခန်းတွင်အသုံးပြုရန် ဆေးဝါးများ ငွေကျပ် (၃၁၆၀၀၀)တန်ဖိုးရှိ  Cevit ZD strip (30)Box၊ SB1000(T) (2)Box၊ Folic Acid(10x50) (8)Box၊ Manox(20)Box၊ PB Tamol 120mg (30)Box၊ Cefexol Sy (10)Box၊Amlorat (2)Box၊Azinam 500mg (4)Box၊Neazi500mg(5)Box၊ ORS POL (1)Box၊ Flumox (2)Box၊Levo 500mg(2)Box၊O2 Mask 9pcs နှင့် ဆန်(၂၄)ပြည်အိတ်(၁၅)အိတ် ၊ဆီငါးဆယ်သား ဘူး (၁၄၀)ဘူး၊ကြက်ဥ (၃၉၀)လုံး၊ ခေါက်ဆွဲခြောက်(၃၆၀)ထုပ်တို့ကို အလှူရှင် ကိုယ်စား ဒေါက်တာနေလင်းအောင်နှင့် Let's Kitchen တို့ မှလာရောက် လှူဒါန်းခဲ့သည့်အပြင် စေတနာရှင်ပြည်သူများက အလှူငွေကျပ်(၂၀၀၀၀၀)အားလာရောက် လှူဒါန်းခဲ့ပြီး လှိုင်သာယာဖျားနာကုအခမဲ့ဆေးခန်း တာဝန်ခံ ဒေါက်တာနိုင်မင်းထွဋ်မှ လက်ခံရယူကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
လှိုင်သာယာဖျားနာကု အခမဲ့ဆေးခန်းသည် နေ့စဉ် နံနက်(၉)နာရီမှ နေ့လယ်(၁၂)နာရီအထိ ဖွင့်လှစ်၍ ကိုဗစ်−၁၉ရောဂါ သံသယရှိလူနာများကို ဆောလျင်စွာ ကျန်းမာရေး စောင့်ရှောက်မှု ခံယူရန်အတွက် မြို့နယ်ဆေးရုံကြီးသို့ချိတ်ဆက်၍ လွှဲပြောင်းပေးလျှက်ရှိရာ ယမန်နေ့တွင် ဆေးခန်းသို့ လာရောက်ပြသသူ (၆၉)ဦးရှိပြီး၊ ဆေးရုံသို့ပိုဆောင်ပေးရသောလူနာ(၁)ဦးနှင့် ကန့်သတ်စောင့်ကြည့် နေရာသို့ ပို့ဆောင်ပေးရသော သံသယလူနာ(၂၉)ဦးရှိကြောင်းသိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)