ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask Campaign ဆောင်ရွက် 

ပန်းတောင်း   အောက်တိုဘာ   ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ  ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask များကို ယမန်နေ့နံနက်ပိုင်းကဆင်တဲမြို့မစျေး၌ ဖြန့်ဝေခဲ့သည်။
အဆိုပါ Mask များဖြန့်ဝေရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ မြို့နယ်တပ်ဖွဲ့မှူး ဦးမြင့်သိန်းဦးနှင့် အဖွဲ့ဝင်များက ပူးပေါင်း၍ ဆင်တဲ မြို့မစျေးအတွင်း စျေးသည်များ၊ စျေးဝယ်သူများ၊ လမ်းသွား လမ်းလာပြည်သူများ တို့ကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask များကို အခမဲ့ ဖြန့်ဝေ ခဲ့ကြောင်းသိရှိရသည်။
သင်းသင်းအေး(ပြန်/ဆက်)