ငပုတော အောက်တိုဘာ ၁၃
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ငပုတော မြို့နယ်အတွင်း၌ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ငပုတောမြို့ပေါ်ရှိ အ.မ.က(၂) တွင် အထူးရဲသင်တန်း တက်ရောက်နေသည့် ရဲတပ်ဖွဲ့ဝင် ၁၀၃ ဦးအား ကိုဗစ်-၁၉ ရောဂါကူးစက်မှုရှိ၊ မရှိသိရှိနိုင်စေရန်အတွက် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ Swab များရယူစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက သွားရောက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အထူးရဲသင်တန်းကို နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် လုံခြုံစိတ်ချစွာ ဆန္ဒမဲများပေးနိုင်ရန်အတွက် မြို့နယ်အတွင်းရှိ ရဲတပ်ဖွဲ့ဝင် ၁၀၃ ဦးအား သင်တန်းဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်ကြောင်း သိရှိရပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် ငပုတောမြို့နယ်အတွင်း မဲရုံပေါင်း ၂၅၂ ရုံ ထားရှိဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)