အရာတော်မြိုနယ်တွင် မဲရုံလုံခြုံရေး အထူးရဲ သင်တန်းသားများအား ကိုဗစ်-၁၉ ရောဂါပိုး Test Kit ဖြင့်စစ်ဆေး

အရာတော် အောက်တိုဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တွင် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးနှင့် မဲရုံလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်ကြမည့် အထူးရဲ သင်တန်းသားများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို Test kit ဖြင့် စစ်ဆေးခြင်းလုပ်ငနွးအား  ယမန်နေေ့နံနက်(၁၀)က မြို့နယ် ပြည်သူ့ဆေးရုံ၌ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာတင်မိုးဝေနှင့် လက်ထောက် ဆရာဝန်များက အထူးရဲသင်တန်းသားများအား အာခေါင်တို့ပတ် နမူနာရယူပြီး Test kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိစစ်ဆေးခဲ့ရာ အဆိုပါသင်တန်းသား (၁၂၃) ဦး သင်တန်းနည်းပြ(၁၀)ဦးစုစုပေါင်း(၁၃၃)ဦးတွင် ရောဂါပိုး မတွေ့ရှိ (Negative) ဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။

သူရ(ပြန်/ဆက်)