ရွှေဘို အောက်တိုဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်း ရွေးကောက်ပွဲကာလ၌မဲရုံလုံခြုံရေး တာဝန်ထမ်း ဆောင်မည့် အထူးရဲများနှင့် နည်းပြများအား Swabယူ၍ Test Kit ဖြင့်စစ်ဆေးရာ အားလုံးတွင် ရောဂေါပိုးမတွေ့ရှိ ကြောင်း အထူးရဲသင်တန်းကျောင်းအုပ် ရဲမှူးသန့်ဇင်ဦး ထံမှသိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါပိုးစစ်ဆေးခြင်းကို ရွှေဘိုခရိုင်ကျန်းမာရေးဦးစီးဌာနမှ ခရိုင်ပြည်သူ့ ကျန်းရေး ဦးစီးဌာနမှူး ဒေါက်တာခင်ဌေးသန်း ဦးဆောင်သော ပြည်သူ့ကျန်းမာရေး ဝန်းထမ်း (၂၃) ဦးတို့မှ ၂၀၂၀ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် အထူးရဲ (၁၇၁)ဦးနှင့် သင်တန်းအုပ်ချုပ်/နည်းပြ (၁၂)ဦးတို့အားSwabယူ၍ Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/မရှိစစ်ဆေးပေးခဲ့ ကြောင်း သိရသည်။
ထိုအထူးရဲသင်တန်းကို ရွှေဘိုမြို့နယ်အတွင်းမှ အသက်(၁၈)နှစ်မှ (၆၀)နှစ်ကြားရှိ အလယ်တန်း ဆင့်ပညာရေး အောင်မြင်ပြီးသော အမျိုးသား(၁၇၁)ဦးအား သင်တန်းအုပ်ချုပ်/နည်းပြ(၁၂)ဦးမှ အောက်တိုဘာလ(၁)ရက်နေ့မှ အောက်တိုဘာ(၂၈)နေ့အထိ သင်တန်း ပို့ချသွားမည်ဖြစ် ကြောင်း အထူးရဲသင်တန်းကျောင်းအုပ် ရဲမှူးသန့်ဇင်ဦး ထံမှသိရှိရပြီးရွှေဘိုမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ မဲဆန္ဒနယ်မြေ(၂) ခုရှိပြီး မဲရုံပေါင်း(၁၇၁)ရုံ ရှိကြောင်းနှင့် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ဦးရေမှာ လက်ရှိဒုတိယအကြိမ် ထုတ်ပြန်ထားသည့် စာရင်းအရ(၂၂၀၀၅၅) ဦးရှိကြောင်း၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အရာရှိ ဒေါ်ရွှေရည်ဝင်းအိထံမှ သိရသည်။
ထွန်းမြင့်အောင်(ရွှေဘို)