သုံးခွ အောက်တိုဘာ ၁၃
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း အနွမ်းပါးဆုံးအိမ်ထောင်စု များ၏ စားဝတ်နေရေးများ အဆင်ပြေစေရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှဦး ဆောင်၍ဌ ာနဆိုင်ရာများစုပေါင်းကာ ယမန်နေ့ညနေက အလှူငွေနှင့်အခြေခံစားသောက်ကုန် ပစ္စည်းများကို အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းစောဝေနှင့် တာ၀န်ရှိသူများက မြို့နယ်အတွင်းရှိ အနွမ်းပါးဆုံးအိမ်ထောင်စု(၁၉)စု တို့အား အခြေခံစား သောက်ကုန် ပစ္စည်း ငါးမျိုးတို့ကို ဖြန့်ဝေလှူဒါန်းပေးခဲ့ကြပြီး အိမ်ထောင်စု တစ်စုလျှင်ငွေကျပ် (၂၀၀၀၀)နှင့် ဆန်(၈)ပြည်၊ ဆီတစ်ပိဿ၊ ကြက်ဥ(၁၀)လုံး၊ ခေါက်ဆွဲခြောက်(၁)ဖာအား ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)