တောင်သာမြို့နယ်အတွင်း Quarantine ဝင်ရောက်နေသူ(၃၈)ဦး၏ Swab နမူနာများ ဓာတ်ခွဲ စစ်ဆေးနိုင်ရန်ပေးပို့ထား

တောင်သာ နိုဝင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီနှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရေလည် Facility Quarantine တွင်ထားရှိသည့်(၂၇)ဦးနှင့် ပိုးတွေ့လူနာများနှင့် ထိတွေ့ခဲ့သူ(၁၁)ဦး (ဒုတိယအကြိမ်)၊ စုစုပေါင်း(၃၈)ဦးတို့၏ Nasopharangeal Swab နှင့် Oropharan-geal Swab နမူနာများအားရယူ၍ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရခြင်းရှိ/မရှိကိုဓာတ်ခွဲစစ်ဆေးနိုင်ရန်  မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ နိုဝင်ဘာလ(၄)ရက်နေ့တွင် ပေးပို့ထားကြောင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသိရသည်။

တောင်သာမြို့နယ်တွင် ပိုးတွေ့လူနာစုစုပေါင်း(၄၁)ဦးရှိပြီးဆေးရုံဆင်းသူ(၃၆)ဦးနှင့်ဆေးကုသမှုခံယူလျက်ရှိသည့် ပိုးတွေ့လူနာ(၅)ဦးကျန်ရှိကြောင်းသိရသည်။

ကျော်မျိုးနိုင်(တောင်သာ)