ဒဂုံမြို့နယ်၌ ၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံထားရှိမည့် နေရာများပြင်ဆင်ဆောင်ရွက်ပြီးစီး

ဒဂုံ နိုဝင်ဘာ ၆

၂၀၂၀ ပြည့်နှစ်  နိုဝင်ဘာလ(၈)ရက်နေ့တွင်  ကျင်းပပြုလုပ်မည့်  ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ ကိုဗစ်-၁၉ရောဂါ ထိန်းချူပ်ရေး ကာလအတွင်း မဲပေးရာတွင် အဆင်ပြေစေရေးအတွက် အသုံးပြုမည့် မဲရုံနေရာ ကြိုတင်ပြင်ဆင်ခြင်းနှင့် ဆေးဖျန်းခြင်းကို ရန်ကုန် တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်အတွင်း ရပ်ကွက်(၅)ရပ်ကွက်အလိုက် ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူတို့က ယမန်နေ့ နံနက်ပိုင်းက စတင်ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါရွေးကောက်ပွဲတွင် ပြည်သူများ စနစ်တကျနှင့် လုံခြုံစိတ်ချ ဘေးကင်းစွာ ဆန္ဒမဲပေးနိုင်ရေး အတွက် မဲရုံအတွင်း ဆောင်ရွက်ထားရှိရမည့် အချက်များ၊  တစ်ဦးနှင့်တစ်ဦး  (၆)ပေအကွာ ထားရှိရေး၊ လက်ဆေးကန်များ စနစ်တကျ ထားရှိရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန်    ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲ  တာဝန်ခံ များက ပြင်ဆင်ထားပြီးဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)