မရမ်းကုန်း နိုဝင်ဘာ ၆
ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများ စာသောက်ကုန်များ စျေးနှုန်းချိုသာစွာနှင့် လွယ်ကူစွာ ဝယ်ယူနိုင်ရေးတို့အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြို့နယ်ရှိ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ မရမ်းကုန်းမြို့နယ် အတွင်းစျေးကားဖြင့် သား၊ ငါး၊ စားသောက်ကုန်များ ရောင်းချခြင်း (Mobile Market) အား ယမန်နေ့ နံနက်ပိုင်းက အမှတ်(၁) ရပ်ကွက်ရှိ ဇေယျာမွန်အိမ်ယာ၊ ရွှေထီးအိမ်ယာ တို့၌ လှည့်လည်ရောင်းချ ဆောင်ရွက်ခဲ့သည်။
အဆိုပါ Mobile Market ကားများတွင် သား၊ ငါး၊ ဟင်းသီးဟင်းရွက်အစရှိသည့် အခြေခံ စားသောက်ကုန်များအား ပြည်သူများထံသို့ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွန်ချက်များ နှင့်အညီ ရောင်းချပေးလျက်ရှိပြီး ယခင်ပထမအကြိမ် အနေဖြင့် အောက်တိုဘာလ ၂၇ ရက်နေ့တွင် အမှတ်(၂) ရပ်ကွက် မုဒိတာအိမ်ရာတွင် ဆောင်ရွက်ခဲ့ပြီး ယခုအခါမှာ ဒုတိယအကြိမ် လာရောင်ရောင်းချ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)