မုံရွာ နိုဝင်ဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၁၀)ခုနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင် ကျေးလက် ကုန်ထုတ်လမ်းများ ဖောက်လုပ်ရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေမှ ငွေကျပ် (၂၂၇၀.၁၁)သန်းအား သုံးစွဲသွားမည်ဖြစ်ကြောင်း စစ်ကိုင်း တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းကျော်မျိုး ထံမှ သိရသည်။
၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် ဂျင်းမြေလမ်းအရှည်(၄)မိုင် (၁.၄)ဖာလုံအား ငွေကျပ် (၈၉.၆၆၀) သန်းဖြင့် လည်းကောင်း၊ မြေသားလမ်း(၂)မိုင်အရှည်အား ငွေကျပ်(၅၃.၅၃၀) သန်းဖြင့်လည်းကောင်း၊ မြေ+ရိစာလမ်း (၅၇)မိုင် (၄.၁၅)ဖာလုံအရှည်အား ငွေကျပ် (၂၁၂၆.၉၂၀) သန်း စုစုပေါင်း ငွေကျပ်(၂၂၇၀.၁၁)သန်းအား ပြည်ထောင်စု ရန်ပုံငွေမှကျခံ ဖောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းခရိုင်အတွင်းရှိ မြို့နယ်(၃)ခုတွင် ရိစာ+ဂျင်း လမ်း(၃)မိုင်(၇)ဖာလုံအား ငွေကျပ် (၈၁.၆၆)သန်းဖြင့် လည်းကောင်း၊ မြေ+ရိစာလမ်းအရှည် (၃)မိုင်(၆.၁၅) ဖာလုံအရှည်ကို ငွေကျပ် (၁၂၀.၁၄၀၀)သန်းဖြင့် လည်းကောင်း၊ မုံရွာခရိုင် အတွင်းရှိမြို့နယ် (၄)ခုတွင် မြေ+ရိစာ လမ်း (၅)မိုင် (၅.၈၇)ဖာလုံအရှည်အား ငွေကျပ် (၁၉၂.၄၉၀)သန်းဖြင့် လည်းကောင်း၊ ရွှေဘိုခရိုင် အတွင်းရှိ မြို့နယ် (၆)ခုတွင် မြေ+ရိစာလမ်း (၇)မိုင်(၇.၇၃) ဖာလုံအရှည်အား ငွေကျပ် (၃၄၆.၆၁၀)သန်းဖြင့် လည်းကောင်း၊ ကသာခရိုင်အတွင်းရှိ မြို့နယ် (၄)ခုတွင် မြေ+ရိစာလမ်း (၈)မိုင်(၄)ဖာလုံအရှည်အား ငွေကျပ် (၃၃၀.၀၂၀)သန်းဖြင့် လည်းကောင်း၊ ရိစာ+ဂျင်းလမ်း (၂.၄၀)ဖာလုံ အရှည်အား ငွေကျပ်(၈)သန်းဖြင့် လည်းကောင်း၊ ကန်ဘလူ ခရိုင်အတွင်းရှိ မြို့နယ်(၂)ခုတွင် မြေ+ရိစာလမ်း (၅)မိုင် (၂) ဖာလုံအရှည် အား ငွေကျပ် (၂၀၄.၄၁၀)သန်းဖြင့်လည်းကောင်း၊ ကောလင်းခရိုင် အတွင်းရှိ မြို့နယ်(၂)ခုတွင် မြေ+ရိစာလမ်း (၂)မိုင်(၁.၅၅)ဖာလုံအား ငွေကျပ်(၉၇.၅၂၀)သန်းဖြင့် လည်းကောင်း၊ ယင်းမာပင်ခရိုင်အတွင်းရှိမြို့နယ်(၄)ခုတွင် မြေ+ရိစာလမ်း(၆)မိုင်(၅.၃၅) ဖာလုံအရှည်ကို ငွေကျပ် (၁၉၆.၃၀၀) သန်းဖြင့်လည်းကောင်း ၊ကလေးရိုင် အတွင်းရှိ မြို့နယ်(၃)ခုတွင် မြေ+ရိစာလမ်း(၂)မိုင် (၆)ဖာလုံအရှည်ကို ငွေကျပ် (၈၈.၅၁၀)သန်းဖြင့် လည်းကောင်း၊ တမူးခရိုင်အတွင်းရှိ မြို့နယ်(၁)ခုတွင် မြေ+ရိစာလမ်း (၁)မိုင်အား ငွေကျပ် (၃၂.၂၀)သန်းဖြင့်လည်းကောင်း၊ မော်လိုက်ခရိုင်အတွင်းရှိ မြို့နယ် (၂)ခုတွင် မြေ+ရိစာလမ်း(၆)မိုင် (၃)ဖာလုံ အရှည်အားငွေကျပ် (၂၃၀.၅၁၀) သန်းဖြင့် လည်းကောင်း၊ ခန္တီးခရိုင် အတွင်းရှိ မြို့နယ်(၂)ခုတွင် မြေ+ရိစာလမ်း (၇)မိုင်(၂.၂၅) ဖာလုံ အရှည်အား ငွေကျပ် (၂၈၈.၂၁၀)သန်းဖြင့် လည်းကောင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ မြို့နယ်(၁)ခုတွင် မြေသားလမ်း (၂)မိုင်အရှည်ကို ငွေကျပ် (၅၃.၅၃၀) သန်းဖြင့်လည်းကောင်း ဖောက်လုပ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)