ပလောက်မြို့၌ နှာခေါင်းစည်းများကို ပြည်သူများလက်ဝယ်အရောက် အခမဲ့လှူဒါန်း

ပလောက် နိုဝင်ဘာ ၆

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပလောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအား နှာခေါင်းစည်းများကို ယနေ့နံနက်ပိုင်းက အခမဲ့ ပေးဝေလှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ နှာခေါင်းစည်းများ အခမဲ့ပေးဝေ လှူဒါန်းရာတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှု ပလောက်တပ်နယ်မှ နယ်မြေခံတပ်မတော်သားများက မြို့စည် ပင်သာယာဈေး အဝင်/အထွက် နေရာများနှင့် ဗဟိုလမ်းတွင် ဖြတ်သန်းသွားလာနေသော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် နေအိမ်မှအပြင်သို့ ထွက်ခွာတိုင်း နှာခေါင်းစည်းများကို စနစ်တကျ စွန့်ပစ်တတ်စေရန် အသိပညာပေးကာ နှာခေါင်းစည်းများကို ပြည်သူတစ်ဦးချင်းစီ၏လက်ဝယ်အရောက် အခမဲ့ပေးဝေ လှူဒါန်းခဲ့ကြောင်း သိရသည်။

နှင်းမြူလွင်