ရန်ကုန် နိုဝင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့ သူ(၁၀၉)ဦးအား Quarantine ဝင်ရောက်ရန် နေအိမ်များမှ သွားရောက်ခေါ်ယူ၍ သက်ဆိုင်ရာ Quarantine Center သို့ ယမန်နေ့ ညနေပိုင်းက အသီးသီးပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်အတွင်းတွင် Quarantine Center (၆)ခုအနက် အင်းစိန်(GTI) Quarantine Center(၁)နှင့် (၃)သို့ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများဖြစ်သော စဉ့်ငူရပ်ကွက်မှ (၃၀)ဦး၊ မြို့သစ်(က+ခ)ရပ်ကွက်မှ (၁၃)ဦး၊ ကမ်းနားအလယ်ရပ်ကွက်မှ (၁၀)ဦး၊ ပိန္နဲကုန်းရပ်ကွက်မှ (၁၀)ဦး၊ အောင်ဆန်းရပ်ကွက်မှ (၇)ဦး၊ ရွာမအရှေ့ရပ်ကွက်မှ (၇)ဦး၊ ပေါက်တောရပ်ကွက်မှ (၆)ဦး၊ တောင်သူကုန်း ရပ်ကွက်မှ(၆)ဦး၊ တညင်းကုန်းရပ်ကွက်မှ (၆)ဦး၊ ဖော့ကန်ရပ်ကွက်မှ (၅)ဦး၊ ဈေးကုန်းအရှေ့ ရပ်ကွက်မှ (၄)ဦး၊ စော်ဘွားကြီးကုန်းရပ်ကွက်မှ (၃)ဦး၊ နံ့သာကုန်းရပ်ကွက်မှ (၂)ဦး စုစုပေါင်း (၁၀၉)ဦးကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ကြက်ခြေနီအသင်းခွဲ၊ ပရဟိတ အဖွဲ့များနှင့် လူမှုကူညီအသင်းများမှ သက်ဆိုင်ရာ Quarantine Center သို့ အသီးသီး ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။
အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)