ကျိုက်မရော နိုဝင်ဘာ ၈
မော်လမြိုင်ခရိုင်၊ ကျိုက်မရော မြို့နယ်အတွင်းရှိ အတ္တရံရပ်ကွက် မဲရုံအားယနေ့ နေ့လယ် ၁၁ နာရီခွဲအချိန်က မော်လမြိုင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးညွှန်ကြားရေးမှူး ဦးတိုးလွင်နှင့်ခရိုင်မှ တာဝန်ရှိသူများလာရောက်၍ ပြည်သူများဆန္ဒမဲ ပေးနေမှုကို ကြည်ရှုခဲ့ကြသည်။
ကျိုက်မရောမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအား ယနေ့နနက် ၆ နာရီတိတိတွင် တာဝန်ကျသည့် မဲရုဲမှူးများမှ မိမိတို့မဲရုံအား ဖွင့်လှစ်ကြောင်း ကြေညာခဲ့ပြီး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရန်အတွက် မဲရုံအဖွဲ့ဝင်များ၊ ပါတီကိုယ်စားလှယ်များ လေ့လာစောင့်ကြည့်သူများ၊ ဆန္ဒမဲလာပေးသူ ပြည်သူများရှေ့တွင် ဆန္ဒမဲပုံးအား ဖွင့်လှစ်ပြသပြီး အများရှေ့တွင်ချိတ်ကြိုးပိတ်၍ ဆန္ဒမဲစတင်ပေးခဲ့သည်။
အဆိုပါဆန္ဒမဲပေးနေသည့် ရပ်ကွက်/ကျေးရွာ အသီးသီးရှိမဲရုံများတွင် ပြည်သူများဘေးကင်းလုံခြုံစွာ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် အပူချိန်တိုင်းတာခြင်း၊ လက်ဆေးခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်စေပြီး တစ်ဦးနှင့်တစ်ဦး ၆ ပေကွာခြား၍ ဆန္ဒပြုနိုင်ရေးကို အပြင်စည်းမှ တာဝန်ယူထားသည့် ကြီးကြပ်ရေးတာဝန်ကျ ဌာနဆိုင်ရာများ၊ လုံခြုံရေးအထူးရဲများနှင့် စေတနာ့ဝန်ထမ်းများက ပြည်သူများ စိတ်အေးချမ်းသာစွာ ဆန္ဒမဲပေးနေမှုများကို လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
ကျိုက်မရော မြို့နယ်တွင် ဆန္ဒမဲပေးမည့်ပြည်သူစုစုပေါင်း (၁၈၃၆၈၅) ဦးရှိ ပြီးမဲရုံပေါင်း ၉၈ ရုံရှိကာ ယနေ့နံနက် ၆နာရီမှအချိန်မှ ညနေ၂နာရီထိ မဲပေးပြီးသည့်ပြည်သူစုစုပေါင်းမှာ(၅၅၆၅၆)ဦးရှိ ပြီးဖြစ်ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)