ဘိုကလေး နိုဝင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးအား ယနေ့နံနက်(၆)နာရီမှ စတင်၍ ကျင်းပရာ ပြည်သူများအနေဖြင့် တည်ငြိမ်အေးချမ်းစွာဖြင့် ဆန္ဒမဲများ လာရောက်ပေးလျက်ရှိသည်။
ပြည်သူများ တည်ငြိမ်အေးချမ်းစွာ ဆန္ဒမဲပေးနိုင်ရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန်ပွားမှုမရှိစေရေး ၊ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးတို့ကို အလေးထား၍ ကော်မရှင်အဖွဲ့ခွဲများ၊ လုံခြုံရေးအဖွဲ့များ၊ ပညာရေးဝန်ထမ်းများ၊ နိုင်ငံရေးပါတီများ ကြိုတင် ပူးပေါင်းစီမံဆောင်ရွက် ထားရှိခဲ့ကြောင်း၊ ဘိုကလေးမြို့နယ်တွင် မဲရုံစုစုပေါင်း(၃၆၁)ရုံရှိပြီးဆန္ဒ မဲပေးပိုင်ခွင့်ရှိသူဦးရေ(၂၂၄၄၁၇) ဦး ရှိကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)