ဆီဆိုင်မြို့ မြကန်သာရပ်ကွက်နှင့် မင်္ဂလာရပ်ကွက်တို့တွင် မဲရုံပိတ်သိမ်းကြောင်းကြေညာ

ဆီဆိုင်     နိုဝင်ဘာ      ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် မြကန်သာရပ်ကွက် မဲရုံအမှတ်(၁)နှင့် မင်္ဂလာရပ်ကွက် မဲရုံအမှတ်(၁)တို့တွင် ယနေ့ ညနေ ၄ နာရီအချိန်တွင် မဲရုံပိတ်သိမ်းကြောင်း မဲရုံတာဝန်ရှိသူများက ကြေညာခဲ့သည်။

မြကန်သာရပ်ကွက် မဲရုံအမှတ်(၁)တွင် ဆန္ဒမဲပေးနိုင်သူဦးရေမှာ ၁၂၃၅ ဦးရှိပြီး ကြိုတင်မဲ ပေးပြီးသူ(၂၇၄)ဦး၊ ဆန္ဒမဲ လာရောက်ပေးသူ(၆၈၈)ဦး စုစုပေါင်း(၉၆၂)ဦးရှိကြောင်းနှင့် မင်္ဂလာရပ်ကွက် မဲရုံအမှတ်(၁)တွင် ဆန္ဒမဲပေးနိုင်သူဦးရေမှာ ၈၄၀ ဦးရှိပြီး ကြိုတင်မဲပေးပြီးသူ(၂၅၃)ဦး၊ ဆန္ဒမဲ လာရောက်ပေးသူ(၃၉၄)ဦး စုစုပေါင်း(၆၄၇)ဦးရှိကြောင်း ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲများထံမှ သိရသည်။

ဆီဆိုင်မြို့နယ်တွင် ရပ်ကွက်(၆)ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၃ အုပ်စု၊ မဲရုံပေါင်း(၉၃)ရုံ၊ ဆန္ဒမဲပေးခွင့်ရှိသူ (၁၀၆၁၆၃)ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)